CSR Strategy and Action Plan Workshop

Authentic Group of Companies ၏ လက်ရှိ CSR မူဝါဒများ နှင့် လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ပြီး လာမည့် ၂၀၂၀ ခုနှစ်မှစတင်၍ အဖွဲ့အစည်းအတွင်းအပြင်မှ ပတ်သက်ဆက်နွယ်သူများ (Stakeholders) နှင့် လူ့အဖွဲအစည်းအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ပိုမိုအားကောင်းလာစေမည့် High Impact CSR မူဝါဒသစ်၊ မဟာဗျူဟာသစ်နှင့် စီမံချက်၊ လုပ်ဆောင်ချက်အသစ်များ ရေးဆွဲ အကောင်အထည်ဖော်နိုင်စေဖို့ တစ်ရက်တာ CSR Strategy and Action Plan Workshop ကို Member Companies မှ Senior Management and Leadership ၏ ပါဝင်ဆွေးနွေးမှုများနှင့်အတူ ၂၆ ရက် အောက်တိုဘာလ ၂၀၁၉ နေ့တွင် ကျင်းပခဲ့ပါသည်။ Impact Institute: Center for Management Excellence မှ ဆရာ ဦးမျိုးသန်းထွန်းက Workshop ကို ဦးဆောင် ပို့ချ ဆွေးနွေးပေးခဲ့ပြီး Senior Management Staff စုစုပေါင်း ၁၅ ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။