မဟာဝိနယစင်တာ (ငါးဆူတောင်) ရေသန့်စင်စနစ်တည်ဆောက်လှူဒါန်းခြင်း

ပါမောက္ခချုပ် ဆရာတော်ကြီး တည်ထောင်သော မဟာဝိနယစင်တာ (ငါးဆူတောင်)တွင် လာရောက် သီတင်းသုံး ပညာဆည်းပူးတော်မူသော ပြည်တွင်း/ပြည်ပ ဆရာတော်များ၊ သီလရှင်များ၊ ယောဂီများအတွက် သန့်ရှင်းစင်ကြယ်သော သုံးရေနှင့် ကျန်းမာရေးအရညီညွှတ်သော သောက်သုံးရေ ရရှိရန်အတွက် ကိုယ်ပိုင်တတ်သိပညာဒီဇိုင်း၊ ကိုယ်ပိုင်ထုတ်လုပ်သော ပစ္စည်းများဖြင့် ရေသန့်စင်စနစ်နှင့် ဆက်စပ်အဆောက်အဦးများအား တည်ဆောက်လှူဒါန်းခဲ့ပါသည်၊ ဤသို့လှူဒါန်းခွင့်ရသော လှူဒါန်းရသောကုသိုလ်အကျိုးကြောင့် သုံးစွဲသူအပေါင်းတို့သည်လည်းကောင်း၊ လှူဒါန်းရသူတို့သည်လည်းကောင်း ရေအကျိုးဆယ်ပါးနှင့် ပြည့်စုံကြရပါစေသား။